Thursday, April 4, 2013

           ပိန်းနဲသီးဟင်း
ဒီနေ့တော့အိမ်ရှေ့အပင်က ပိန်နဲသီးကို အိမ်မှာနေတဲ့ ညီမလေးခူးထားတာ အဆင်သင့်တာနဲ့
ပိန်းနဲသီးဟင်းလေးချက်လိုက်တယ်။ကောင်းလိုက်တာ ...စားလို့
ဘယ်လိုချက်လဲလို့ပြောပြရမလား
ပါဝင်ပစ္စည်းလေးကတော့
ပိန်းနဲသီး  ..300g
ဆီ...........ထမင်းစားဇွန်း၂ဇွန်း
ဆား........သင့်ရုံ
အချိုမှုန့်..သင့်ရုံ
စိမ်းစားငပိ..ထမင်းစားဇွန်း၁၀က်
ကြက်သွန်နီ..၁လုံး(ဥအလတ်)
ကြက်သွန်ဖြူ..၆မွှာ
ငရုပ်သီးစိမ်း..အတောင့်၂၀
 နနွင်းမှုန့် ..အနည်းငယ်
  အထက်ပါ ပါဝင်ပစ္စည်းများကို အိုးတလုံးတွင်ရောထည့် သမအောင်မွေပြီး
မီးအသင့်အတင့်ထားပြီး လုံးချက်လိုက်ပါ။ရေခန်းပြီဆိုလျှင် ရေအသင့်အတင့်ထည့်၍
ပွက်ပွက်ဆူအောင်တည်ပါ။  အရည်အသင့်အတင့်ကျန်လျှင် အ၇သာအပေါ့အငံမြည်းပါ။
အရသာရှိသော ဟင်းတခွက်ကို သင်ရရှိပါလိမ့်မယ်။ပုဇွန် ငါးခြောက်တို့နှင့်လဲတွဲဖက်ချက်
စားနိုင်ပါသည်.(မှတ်ချက်..ပိန်းနဲသီးမှ အစေးများထွက်၇န် ဆန်ဆေးရေဖြင့်ခေတ္တ စိမ်ပေးပါ)